Genres: Action, Drama
Duration: 23 min. per ep.
Rating: R - 17+ (violence & profanity)
Review:
Nicholas Brown နဲ့ Worick Arcangelo တို့က Ergastalum မြို့မှာ တခြားသူတွေ မလုပ်နိုင်တဲ့အလုပ်ကို လက်ခံပြီးလုပ်ပေးနေတဲ့ ရှင်းလင်းရေးသမားတွေအဖြစ် လူသိများကြပါတယ်။ အင်အားကြီးအဖွဲ့အစည်းများနဲ့ ရဲများက ကန်ထရိုက်ယူထားသော ရှင်းလင်းရေးသမားတွေက ဘာမဆိုလုပ်ဖို့အတွက် အသင့်ရှိနေရပါတယ်။ မြို့တွင်းလူမိုက်အဖွဲ့ကိုရှင်းလင်းပြီးနောက်မှာတော့ ရှင်းလင်းရေးသမားတွေက တစ်ခါတည်းရှင်းပစ်ခဲ့ရမည့် ပြည့်တန်ဆာမလေး Alex Benedetto ကိုခေါ်လာကာသူ့ကိုမြို့ထဲကနေပျောက်ကွယ်သွားစေလိုတဲ့ အဖွဲ့တွေလက်က ကာကွယ်ပေးရပါတော့တယ်။ ဒါပေမယ့် ဒုစရိုက်သမားတွေရဲ့ သုခဘုံဖြစ်တဲ့ဒီမြို့မှာ အင်အားမျှချေကို ပျက်ဆီးသွားစေနိုင်တဲ့ အပြောင်းအလဲကာလနဲ့ ကြုံနေရပါတယ်။
Ergastalum ကတစ်ချိန်တုန်းက အထူးမူးယစ်ဆေးကြောင့်ဖြစ်လာတဲ့ super-human "Twilight" တွေအတွက်လုံခြုံတဲ့နေရာဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ကြီးမားသော မြေအောက်အဖွဲ့အစည်းတစ်ခုရဲ့ အမဲလိုက်ခြင်းကို ခံနေရပါတယ်။ ထိုခြိမ်းခြောက်မှုက မြို့တွင်းရှိအရာအားလုံးကို စိန်ခေါ်ဖို့ နိုးထလာခဲ့ပြီး ရှင်းလင်းရေးသမားတွေလည်း ဖြစ်ပေါ်လာမယ့် စစ်ပွဲကို ရှောင်လွဲမရချိန်မှာတော့...
Adult scene အနည်းငယ်ပါဝင်နေတာကိုလည်း သတိပေးပါရစေ။
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
0 Comments